Monday, September 12, 2016
Laptop မှာ Screen Shot ရိုက်မယ်
Laptop တွေမှာ Screen Shot ရိုက်တဲ့ အခါ PrtSc SysRq နဲ့ ရိုက်ရင် အဆင်မပြေသူများ ဒီနည်းလေးနဲ့ ရိုက်ယူပါ။
- အရင်ဆုံး မိမိ ရိုက်မည့် နေရာကို ဖွင့်ပါ။
- ကွန်ပျူ တာရဲ့ Start ကို နှိပ်ပါ။
- Search programs and files မှာ snipping Tool ဟု ရိုက်ဖွင့်ပါ။ Run Box တွင်လည်း Snipping Tool ဟု ရိုက်ဖွင့်နိုင်ပါတယ်။
- Snipping Tool လေး ပွင့်လာရင် New ဘေးက မြှားချွန်လေး နှိပ်ပါ။
- Free-form Snip က ခဲတံလို ရေးဆွဲပြီး ရေးဆွဲတဲ့ နေရာ ဖြတ်ယူတာပါ။
- Rectangular Snip က လေးထောင့် ကျကျ ဖြတ်ယူ ရိုက်တာပါ။
- Window Snip သူကလည်း Window တစ်မျက်နှာလုံး ရိုက်ယူတာပါ။
- Full-Screen Snip ကို နှိပ် လည်း ရိုက်နိုင်ပါတယ်။
**************************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment