တစ်နေကုန် တစ်နေကူးလျှင်ဖြင့်              သေဘူးကွယ် မထင်ပါနဲ့              နေကွယ်တာ အချိန်များလျှင်တော့             သေနယ်ရွာ တစ်ကြိမ်သွားရမယ်             တားမရဘူး .......။

Wednesday, August 24, 2016

Notepad မှာ Date & Time ထည့် ရေးမှတ်




Notepad မှာ မိမိက ဗဟုသုတများကို သိမ်းဆည်းတဲ့ အခါ Date & Time လေးနဲ့ မှတ်ထားတော့ ဘယ်နေ့က ရေးသားခဲ့တယ်ဆိုတာ ပြန်ကြည့်နိုင်ပါတယ်။  Microsoft Word / Adobe PageMaker   တွေဆိုတာ ကွန်ပျူ တာမှာ ပါချင်မှ ပါတာပါ  Notepad တို့  Wordpad  တို့က  Window မှာ တစ်ပါတည်း ပါလို့ အဆင်ပြေပါတယ်။

-      အရင်ဆုံး    Notepad   ကို ဖွင့်ပါ။

-      Window + R  ဖြင့်  Run Box  ခေါ်   Notepad  ဟု ရိုက်  Ok   နှိပ်  ဖွင့်နိုင်ပါတယ်။

( နောက်တစ်နည်း    -    Start  >>>   All Programs   >>>   Accessories    >>>     Notepad  ကို  ဖွင့်နိုင်ပါတယ်။ )

-       Notepad  ပွင့်လာရင်     Date & Time  ထည့်ဖို့          F5           ကို နှိပ်ပါ။  Date & Time  ရေးပြီးသား ဖြစ်နေပါလိမ့်မယ်။

************************************************

Date & Time  ထည့်ဖို့  နောက်တစ်နည်း

-     Notepad   ပွင့်လာရင်        .LOG      ဟု ရိုက် မိမိ စိတ်ကြိုက်နာမည်ပေးကာ သိမ်းလိုက်ပါ။

-     အဲဒီ သိမ်းလိုက်တဲ့ ဖိုင်လေးဖွင့်လိုက်တာနဲ့    Date & Time   ထည့်ထားတာ တွေ့ရပါမယ်။  မိမိ မှတ်လိုရာ ထပ်ဖြည့်ကာ သိမ်းဆည်းပါ။ မှတ်စု ရေးချင်တိုင်း အဲဒီဖိုင်လေး ဖွင့်ပါ။ ဖွင့်တိုင်း ဖွင့်တဲ့ အချိန် သူ့အလိုလို ထည့်ပေးနေပါလိမ့်မယ်။

************************************************

အပေါ်နည်းကတော့   F5    နှိပ်တာနဲ့   Date  & Time ထည့်ပေးတာ ဆိုတော့ အဆင်ပြေပါတယ်။  အောက်ကနည်းကတော့ ဗဟုသုတပေါ့။

မှတ်ချက်   -   ကွန်ပျူ တာက  Date & Time  တော့ မှန်နေရပါမယ်။

************************************************

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

No comments:

Post a Comment