Wednesday, August 24, 2016
Notepad မှာ Date & Time ထည့် ရေးမှတ်
Notepad မှာ မိမိက ဗဟုသုတများကို သိမ်းဆည်းတဲ့ အခါ Date & Time လေးနဲ့ မှတ်ထားတော့ ဘယ်နေ့က ရေးသားခဲ့တယ်ဆိုတာ ပြန်ကြည့်နိုင်ပါတယ်။ Microsoft Word / Adobe PageMaker တွေဆိုတာ ကွန်ပျူ တာမှာ ပါချင်မှ ပါတာပါ Notepad တို့ Wordpad တို့က Window မှာ တစ်ပါတည်း ပါလို့ အဆင်ပြေပါတယ်။
- အရင်ဆုံး Notepad ကို ဖွင့်ပါ။
- Window + R ဖြင့် Run Box ခေါ် Notepad ဟု ရိုက် Ok နှိပ် ဖွင့်နိုင်ပါတယ်။
( နောက်တစ်နည်း - Start >>> All Programs >>> Accessories >>> Notepad ကို ဖွင့်နိုင်ပါတယ်။ )
- Notepad ပွင့်လာရင် Date & Time ထည့်ဖို့ F5 ကို နှိပ်ပါ။ Date & Time ရေးပြီးသား ဖြစ်နေပါလိမ့်မယ်။
************************************************
Date & Time ထည့်ဖို့ နောက်တစ်နည်း
- Notepad ပွင့်လာရင် .LOG ဟု ရိုက် မိမိ စိတ်ကြိုက်နာမည်ပေးကာ သိမ်းလိုက်ပါ။
- အဲဒီ သိမ်းလိုက်တဲ့ ဖိုင်လေးဖွင့်လိုက်တာနဲ့ Date & Time ထည့်ထားတာ တွေ့ရပါမယ်။ မိမိ မှတ်လိုရာ ထပ်ဖြည့်ကာ သိမ်းဆည်းပါ။ မှတ်စု ရေးချင်တိုင်း အဲဒီဖိုင်လေး ဖွင့်ပါ။ ဖွင့်တိုင်း ဖွင့်တဲ့ အချိန် သူ့အလိုလို ထည့်ပေးနေပါလိမ့်မယ်။
************************************************
အပေါ်နည်းကတော့ F5 နှိပ်တာနဲ့ Date & Time ထည့်ပေးတာ ဆိုတော့ အဆင်ပြေပါတယ်။ အောက်ကနည်းကတော့ ဗဟုသုတပေါ့။
မှတ်ချက် - ကွန်ပျူ တာက Date & Time တော့ မှန်နေရပါမယ်။
************************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
DOS Command ဖြင့် Folder / file ဖျောက်မယ်
DOS Command ဖြင့် ဖိုင် / ဖိုဒါတွေ ဖျောက်ဖို့
- အရင်ဆုံး Window + R ဖြင့် Run Box ခေါ်ပါ။
- Run Box တွင် cmd ဟုရိုက် Ok နှိပ်ပါ။
- Command Prompt ထဲရောက်ပါမယ်။ Command Prompt တွင် မိမိဖျောက်ချင်သော ဖိုင် / ဖိုဒါရှိရာ Partition ကိုပြောင်းပါ။ ( Command Prompt ထဲ ရောက်ရင် Partition C အခန်းရောက်နေပါလိမ့်မယ်။ )
- မိမိက Partition ( D ) က ဖျောက်ချင်ပါက D: ဟု Enter ခေါက်ပါ။
- D:\> ဟု နောက်တစ်ကြောင်း ထပ်ပေါ်ပါမယ်။ D:\> နောက်ကနေ attrib +r +a +s +h ဖျောက်ချင်တဲ့ ဖိုဒါနာမည်ရေးပါ။ ( ဥပမာ - ဖိုဒါက abc ဆိုပါစို့။ attrib +r +a +s +h abc ပါ။ )
- ဒါက ဖိုဒါက စာက တစ်ဆက်တည်းပါ။ ဖိုဒါနာမည်က My abc ဆိုပြီး Space ခြားထားပါက " " အပိတ်ခံရပါတယ်။ ( ဥပမာ - attrib +r +a +s +h "My abc" ပါ။ )
- ဒါမှမဟုတ်ဘူး ဖိုင်ဖျောက်ချင်တယ် ဆိုပါစို့။ ဖိုင်ရဲ့ အနောက်က Format ထည့်ပေးရပါတယ်။ ( ဥပမာ - မိမိက abc ဆိုတဲ့ နာမည်နဲ့ Video ဆိုပါစို့။ သူ့ရဲ့ Format က mp4 ဒါဆို abc.mp4 )
- အဲဒီ Video ကို ဖျောက်ချင်ရင် attrib +r +a +s +h abc.mp4 ပါ။ ဒါက ဖိုင်တွေအတွက်ပါ။ ( ကျွန်တော်ကတော့ စာဖိုင် txt မို့ attrib +r +a +s +h abc.txt )
- ပြန်ဖော်ချင်ရင်တော့ + နေရာကို - ပြောင်းပြီး ကျန်တာ အကုန်အတူတူပါပဲ။
************************************************
ကျွန်တော် ရှင်းပြတာ နားမလည်ခဲ့ပါက ကျွန်တော့် လိုအပ်ချက်ပါ။
************************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Tuesday, August 23, 2016
ကွန်ပျူတာသုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား ( ၁၀ ) ချက်
ဦးစွာ ပထမ ယခုဖော်ပြသော ပို့စ်အား ရေးသားသူကို Credit ပေးပါတယ်။ ပို့စ်မှာ နာမည် မပါတဲ့အတွက် Credit ပေးရာမှာ ရိုင်းပြသလို ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ လေးစားစွာဖြင့်
ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံးစွဲနေစဉ်အတွင်းမှာ ပြုလုပ်မိတဲ့ အမှားတွေကနေ အများဆုံးပြုလုပ်မိတဲ့ အမှား ( ၁၀ ) ချက်ကို ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ရင်တော့ တော်ရုံနဲ့ မိမိကွန်ပျူတာမပျက်တော့ဘူးပေါ့။ ( မှတ်ချက် ။ ။ expert user များအတွက်မဟုတ်ပါ။ )
************************************************
( ၁ ) အရေးကြီးသောဖိုင်များကို backup မလုပ်ခြင်း
---------------------------------------------------------------------
မိမိသုံးစွဲနေတဲ့ data file တွေ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ်မထားခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ပျောက်သွားတော့မှ data recovery software များနဲ့ ပြန်လည်ရှာဖွေခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီအတွက် external drive, USB, CD, DVD တို့နဲ့ ကူးယူထားသင့်သလို ကွန်ပျူတာအတွင်းမှာလည်း windows နဲ့တွဲပြီး ခွဲထားတဲ့ partition အပိုင်းမှာ သိမ်းဆည်းခြင်းမပြုလုပ်ပဲ သီးခြား drive တစ်ခုနဲ့ သိမ်းဆည်းသင့်ပါတယ်။
************************************************
( ၂ ) စာကိုသေချာစွာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်ခြင်း
-----------------------------------------------------------------------
ကွန်ပျူတာနဲ့ အင်တာနက်သုံးနေစဉ်အချိန်မှာ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ box တွေ၊ message တွေက စာတွေကို သေသေချာချာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ သူ့ကို သဘောတူညီရာရောက်သွားပြီး သင့်ကွန်ပျူတာအတွင်းက browser တွေ Toolbar တွေမှာ install လုပ်သွားပြီး မောင်းထုတ်မရတော့တဲ့ program မျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ သင့်အနေနဲ့ အဲဒီ program ကို install လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ အဲဒီ program ဟာ ကွန်ပျူတာရဲ့ startup မှာ run နေပြီးတော့ ကွန်ပျူတာကိုအနှောက်အယှက်ဖြစ်စေပါတယ်။
************************************************
( ၃ ) Save မလုပ်ခြင်း
----------------------------
စာစီစာရိုက်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ ပုံဆွဲနေတုန်းပဲဖြစ်ဖြစ်၊ Video edit လုပ်နေတုန်းပဲဖြစ်ဖြစ် save မလုပ်ခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ သင်သုံးနေတဲ့ program ဟာ အလိုအလျောက် save လုပ်ပေးတဲ့ function ပါပေမယ့် မိမိလက်က ctrl + s ကို မကြာခဏ ၅ မိနစ်တစ်ကြိမ်လောက် အလိုအလျောက်နှိပ်မိနေဖို့လိုပါတယ်။ ဒါမှ မီးပြတ်သွားလို့ပဲဖြစ်ဖြစ်၊ UPS မကောင်းလို့ပဲဖြစ်ဖြစ်၊ Internet connection မကောင်းလို့ပဲဖြစ်ဖြစ် သင် create လုပ်နေတဲ့ data တွေမပျောက်တော့ဘူးပေါ့။
************************************************
( ၄ ) ကွန်ပျူတာကို နည်းစနစ်တကျမပိတ်ခြင်း
----------------------------------------------------------
ကွန်ပျူတာကို အသုံးမပြုချင်တော့တဲ့အချိန်မှာ မိမိသုံးနေတဲ့ file တွေကို save လုပ်၊ run နေတဲ့ application တွေကိုပိတ်ပြီးမှ ကွန်ပျူတာက shutdown ခလုပ်ကိုနှိပ်ပြီး ကွန်ပျူတာကိုပိတ်သင့်ပါတယ်။ တစ်ခြားနည်းလမ်းကို အသုံးပြုရင်တော့ အမှားတစ်ခုကို ကျူးလွန်မိခြင်းပါပဲ။
************************************************
( ၅ ) Email ကပါရှိလာတဲ့ attachments ဖိုင်များကိုဖွင့်ခြင်း
------------------------------------------------------------
အင်တာနက်ကနေ Email ကို အသုံးပြုသူတစ်ယောက်အဖို့ malware တွေကိုကာကွယ်နိုင်တဲ့ Antivirus program မရှိဘဲ Email နဲ့အတူပါရှိလာတဲ့ attachments ဖိုင်တွေကို မဖွင့်သင့်ပါဘူး။
ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့သူဆီကဖြစ်ပါစေ သတိထားသင့်ပါတယ်။ Virus ၀င်ရောက်ရာ အဓိက လမ်းကြောင်းဟာ attachment ဖိုင်များမှဖြစ်တယ်ဆိုတာ အထူးသတိပြုပါ။
************************************************
( ၆ ) မိမိထံရောက်ရှိလာသော ကြော်ငြာ email များထဲမှ ပုံစံများကိုဖြည့်သွင်းပြီး ပြန်လည်ပေးပို့ခြင်း
--------------------------------------------------------------------
တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့ ကြော်ငြာ email တွေဝင်လာတာကို တွေ့ဘူးကြမှာပါ။ ဘယ်မြို့မှာ အလုပ်ရမယ်။ လစာက ဘယ်လောက်ပေးမယ်။ ဖတ်လိုက်ရင်မက်လောက်စရာတွေချည်းပဲ။ အဲဒီအတွက် ဒီပုံစံမှာဒီလိုဖြည့်ပါဆိုပီးတော့ပေါ့။ အဲဒီလိုဖြည့်ရင်းကနေ ကိုယ့်ဆီက အချက်အလက်တွေဖြစ်တဲ့ usernames တွေ၊ passwords တွေ၊ credit card အသေးစိတ်တွေပါသွားပါလေရော။ ဒါဆိုဘာဆက်ဖြစ်မလဲ စဉ်းစားကြည့်ပါတော့။
************************************************
( ၇ ) Email အတွင်းမှ Spam များကိုစိတ်ဝင်စားခြင်း
-------------------------------------------
ကိုယ်သုံးနေတဲ့ email အတွင်းမှာ မဖိတ်ခေါ်ပဲတဖွဲဖွဲရောက်လာနေတဲ့ Spam mail တွေကို စိတ်မ၀င်စားသင့်ပါဘူး။ ကိုယ့်အတွက်ဘာအကျိုးမှမရှိနိုင်တဲ့ အဲဒီ spam mail တွေကိုဖတ်ကြည့်နေမယ့်အစား delete သာလုပ်ပစ်လိုက်ပါ။
************************************************
( ၈ ) Email များကို forward လုပ်ခြင်း
---------------------------------------
ကိုယ်မသိတဲ့ email ကနေ စိတ်ဝင်စားစရာသတင်းအချက်အလက်တွေသိရှိရတဲ့အခါ ဒါကို မိမိမိတ်ဆွေတွေ သိစေချင်တဲ့စေတနာနဲ့ forward မလုပ်မိပါစေနဲ့။ ကောလဟာလတစ်ခုလို့သာ သတ်မှတ်ပြီး ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့စေတနာဟာ အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။
************************************************
( ၉ ) မကောင်းသော software များကို install လုပ်မိခြင်း
-------------------------------------------------------
တိုးတက်နေတဲ့ခေတ်ကြီးဟာ viruses တွေ၊ malware တွေနဲ့ အခြား crapware တွေပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ free ware software လေးတွေ့တဲ့အချိန်မှာ လျင်လျင်မြန်မြန် download ချပြီးတော့ install မလုပ်မိပါစေနဲ့။ သေသေချာချာစိစစ်ပါ။ ဘယ်ကထုတ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအကျိုးပြုမှာလဲ၊ ဘာတွေသုံးနိုင်လည်း၊ ဘယ် website ကလဲ၊ လူဘယ်လောက်များများသုံးထားလဲ စတာတွေကို internet ကိုပဲပြန်မေးလိုက်ပါ။ ရတဲ့ result ကို မူတည်ပြီးတော့မှ သုံးသင့်မသုံးသင့်စဉ်းစားချင့်ချိန်ပါ။ install လုပ်ပြီးမှ ဒုက္ခလည်းပေး၊ မောင်းထုတ်လို့လဲမရလို့ ပျက်ရတဲ့ကွန်ပျူတာတွေများလှပါပြီ။
************************************************
(၁၀) UPS ကိုအသုံးမပြုခြင်းနှင့် အရည်အသွေးညံ့သော ကွန်ပျူတာအရံပစ္စည်းများကိုအသုံးပြုခြင်း
--------------------------
PC ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် သူ့မှာ အပိုလျှပ်သိုပစ္စည်းရှိရပါမယ်။ သဘောက shutdown ချဖို့ အချိန်ရနိုင်အောင်နဲ့ လျှပ်စစ်အ၀င်ကို ထိန်းသိမ်းနိုင်အောင်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်လို့ Laptop computer ရဲ့ battery ကလည်း မကောင်း၊ PC computer ရဲ့ UPS ကလည်းမကောင်း၊ ရှိလည်းမရှိ ဆိုရင်တော့ ပျက်ဖို့က ၇၀ % လောက်သေချာနေပါပီ။ နောက်တစ်ချက်က Graphic card, Memory, hard disk နဲ့ Motherboard မကောင်းတော့လို့လဲလှယ်တဲ့အချိန်မှာ တန်ဘိုးနည်းတဲ့ ပစ္စည်းတွေ၊ အသုံးပြုပီးသားတွေကို မလဲလှယ်မိပါစေနဲ့။ အဘိုးနှုန်းချိုသာခြင်းရဲ့နောက်ကွယ်မှာ အခြားသော အဓိပါယ်ဖွင့်ဆိုချက်တွေရှိနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်။
************************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
မိမိ ကွန်ပျူ တာအတွင်း Data များကို Copy / Paste ကူးမရအောင်
ကွန်ပျူ တာထဲက Data များကို
Cut
Copy
Paste
Send to
Delete
Rename
Ctrl + X
Ctrl + C
Ctrl + V
Shift + Delete
အသုံးပြုမရအောင် ပြုလုပ်မယ်။
လိုအပ်သော ဆော့ဝဲလ်အား အောက်က လင့်မှာ ဒေါင်းယူပါ။
Download - Prevent Setup V1.0
လင့် အဆင်မပြေပါက ပြောခဲ့ပါ။
Password - myothantkyaukse
မှတ်ချက် - ဆော့ဝဲလ်ဖွင့်တဲ့အခါ Define Hotkey မှာ မိမိ ပြန်အသုံးပြုရအောင် Key ထည့်ပေးရပါတယ်။ မထည့်ပဲ None ထားလည်း ရပါတယ်။ ( ဥပမာ - Cut, Copy, Paste တွေ ပြန်အသုံးပြုရအောင် ပြုလုပ်တဲ့ Key ပါ။ မိမိ စိတ်ကြိုက် ထည့်ရပါတယ်။ ပြီးရင် Activate ကို နှိပ်ပါ။ )
မိမိ ကွန်ပျူ တာမဟုတ်ဘူး။ တစ်ပါးသူ ကွန်ပျူ တာမှာ ယခုလို ပြုလုပ်ထားပါက ဆော့ဝဲလ်ကိုလည်း ဖျောက်ထားပါက သူ့ပြုလုပ်ထားသော Key ကို Window + F8 ( သို့ ) Window + F9 နဲ့ ပြန်ဖျက်နိုင်ပါတယ်။ ဒါဆို Cut, Copy, Paste ပြန်အသုံးပြုနိုင်ပါတယ်။
Cut
Copy
Paste
Send to
Delete
Rename
Ctrl + X
Ctrl + C
Ctrl + V
Shift + Delete
တွေသာ အသုံးပြုမရတာ Drag ဆွဲယူ ကူးခြင်းကိုတော့ မကာကွယ်နိုင်ပါဘူး။ Drag ဖြင့် ကူးယူနိုင်ပါတယ်။
ဆော့ဝဲလ်တိုင်းမှာတော့ အားနည်းချက် / အားသာချက် ဆိုတာကတော့ ရှိစမြဲပါပဲ။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Sunday, August 21, 2016
Video မြန်မာစာတန်းထိုး / Format ပြောင်းမယ်
Video တွေကို မြန်မာစာတန်းထိုးခြင်း၊
Video Format အလွယ်ပြောင်းခြင်း၊
Video မလိုတဲ့ အပိုင်းတွေ ဖြတ်ခြင်း၊
သီချင်းမှာ ဓါတ်ပုံ ထည့်ခြင်း အစုံအလင် ပြုလုပ်ရတဲ့ Freemake Video Converter လေးပါ။
မြန်မာစာတန်းထိုးဖို့အတွက် စာတန်းထိုးပြုလုပ်ထားသော .srt ဖိုင် ရှိရပါမယ်။ တစ်ခြား စာတန်းထိုး Format တွေ ရှိပါလိမ့်မယ်။ ကျွန်တော်က .srt နဲ့ စမ်းလို့ ညွှန်းတာပါ။ မြန်မာစာတန်းထိုး ပြုလုပ်ခြင်းကို နောက်မှ တင်ပေးပါအုံးမည်။
Freemake Video Converter 4.1.9.33 လိုချင်သူများ အောက်က လင့် မှာ ဒေါင်းယူပါ။
Download - Freemake Video Converter 4.1.9.33
လင့် အဆင်မပြေပါက ပြောခဲ့ပါ။
************************************************
Gold Pack
F4019EB6C99B0CF5C7E3AD6F137B9F1B
************************************************
Subtitle Pack
BCFF13D3452B654CB5B6080B85CCC1DA
************************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Friday, August 19, 2016
ကွန်ပျူတာ အသုံးပြုသူများအတွက် Smart PC Fixer
ကွန်ပျူတာ သန့်ရှင်းရေးအတွက်ပဲဖြစ်ဖြစ်၊
Shortcut Arrow ဖြုတ်ချင်သူများ
ဆော့ဝဲလ်များကို Uninstall ချချင်သူများ
Registry Cleaner, Evidence Cleaner, Junk file Cleaner, Shortcut Cleaner
Registry Backup, System Restore, Favorite Backup, Folder Backup အလွယ် ပြုလုပ်ချင်သူများ အတွက်ပါ။
Smart PC Fixer V5.2 လေးပါ။ လိုချင်သူများ အောက်က လင့်မှာ ဒေါင်းယူပါ။
Download - Smart PC Fixer V5.2
Password - myothantkyaukse
လင့် အဆင်မပြေပါက ပြောခဲ့ပါ။ Zip ဖြင့် ချုပ်ထားပါသည်။ KeyMaker ပါ ထည့်ပေးထားပါတယ်။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Adobe PageMaker 7.0 မှာ Font Error
Adobe PageMaker အသုံးပြုသူများ Font တွေမစုံဘူး။ Font တွေတော့ အစုံထည့်ထည့်ထားတယ်။ Microsoft Word မှာ Font အကုန်ပေါ်တယ်။ Adobe PageMaker ကျ မပေါ်ဘူး။
- အရင်ဆုံး မိမိ လိုချင်သော Font များကို Copy ယူပါ။
- Window အခန်းကို သွားပါ။
- Program File >>> Adobe >>> Adobe PageMaker 7.0 >>> Extras >>> Fonts ထဲမှာ ကူးယူလာသော Font များကို Paste ချပါ။
- Computer ကို Restart ချလိုက်ပါ။ ပြန်တတ်လာရင် Adobe PageMaker ဖွင့် အသုံးပြုနိုင်ပါပြီ။ မိမိလိုချင်သော Font များ အသုံးပြုရပါပြီ။
Adobe PageMaker 7.0 မှာ Zawgyi One တော့ မရသေးပါ။
************************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Thursday, August 18, 2016
CCleaner 5.21.5700
( ၁၆ - ၈ - ၂၀၁၆ ) ရက်နေ့ထွက် ကွန်ပျူတာ အသုံးပြုသူတိုင်း မရှိမဖြစ် လိုအပ်တဲ့ ကွန်ပျူတာ သန့်ရှင်းရေး CCleaner လေးပါ။ ဒီကောင်လေးက Registry Error တွေ Computer ဆော့ဝဲလ် Uninstall ချတာတွေ Repair လုပ်တာတွေ တစ်ခုတည်းနဲ့ စွယ်စုံသုံးလို့ရတယ်။
ဖိုင်ဆိုဒ်က 7MB ကျော်ပဲ ရှိပါတယ်
Computer အတွက် CCleaner 5.21.5700
Name - IGIVEKEY
Key - C2YW-T9ND-D23H-E35M-6ZPC
အောက်က လင့်တွင် ဒေါင်းယူပါ
Download - CCleaner 5.21.5700
လင့်အဆင်မပြေပါက ပြောခဲ့ပါ
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ဖိုင်ဆိုဒ်က 7MB ကျော်ပဲ ရှိပါတယ်
Computer အတွက် CCleaner 5.21.5700
Name - IGIVEKEY
Key - C2YW-T9ND-D23H-E35M-6ZPC
အောက်က လင့်တွင် ဒေါင်းယူပါ
Download - CCleaner 5.21.5700
လင့်အဆင်မပြေပါက ပြောခဲ့ပါ
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Tuesday, August 16, 2016
cmd ဖြင့် Scannow / Check Disk စစ်မယ်
- အရင်ဆုံး Window + R ဖြင့် Run Box ခေါ်ပါ။
- Run Box ရရင် cmd ဟုရိုက် Ok နှိပ်ပါ။
- Command Prompt ထဲရောက်ရင် sfc /scannow ဟု ရိုက် Enter ခေါက်ပါ။ Scan စစ်နေပါမယ်။
- ပြီးရင် Check Disk စစ်ရန် chkdsk ဟု ရိုက် Enter ခေါက်ပါ။
- အားလုံးပြီးရင် Exit ဟု ရိုက် Enter ခေါက်လိုက်ပါ။
အဆင်ပြေပါပြီ။ ဒီနည်းလေးက စက်က နည်းနည်းလေးလာရင်ပဲ ဖြစ်ဖြစ် Window error ဖြစ်တဲ့အခါ F8 ဖြင့် safe mode ဝင်ကာ Command Prompt ကနေ ဒီနည်းအတိုင်း လုပ်ကြည့်ပါ။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ကွန်ပျူ တာ သန့်ရှင်းရေးလုပ်မယ် ( အပိုင်း - ၁ )
ကွန်ပျူတာကို တစ်နေ့ကုန်ဖွင့်ဆော့ ကွန်ပျူတာ ပိတ်ခါနီးရင် သန့်ရှင်းရေးလေး တစ်ခါတော့ လုပ်ပေးရအောင် အပေါ်မှာ မြင်နိုင်တဲ့ ဖုန်းတင်တာလောက်က အမြဲတမ်း သတိရတိုင်း လုပ်ပေမယ့် စက်ထဲမှာ စက်ပိတ်ပေမယ့် လိုအပ်ပဲ စက်လေးစေတဲ့ Run နေတဲ့ ကောင်တွေ ဖျက်ထုတ် ရှင်းပြစ်ရအောင်
- အရင်ဆုံး Keyboad က Window နဲ့ R ကို တွဲနှိပ်ပါ ( Run box ) ခေါ်ခြင်းပါ
- Run Box မှာ ရိုက်ရမည့် စာက recent ဟု ရိုက် Enter ခေါက်ပါ ( သို့မဟုတ် ) Ok နှိပ်ပေးပါ
- ကျလာသော ဖိုင်တွေကို Shift နဲ့ Delete နှိပ် ဖျက်နိုင်ပါသည်။
*******************************
- ပြီးရင် Run Box ထပ်ခေါ်ပါ Window နဲ့ R ကို နှိပ်ခေါ်ပါ
- ရိုက်ရမည့် စာက temp ဟု ရိုက် Enter ခေါက်ပါ ( သို့မဟုတ် ) Ok နှိပ်ပေးပါ
- ကျလာသော ဖိုင်တွေကို Shift နဲ့ Delete နှိပ် ဖျက်နိုင်ပါသည်။
*******************************
- Run Box ထပ်ခေါ်ပါ Window နဲ့ R ကို နှိပ်ခေါ်ပါ
- ရိုက်ရမည့် စာက %temp% ဟု ရိုက် Enter ခေါက်ပါ ( သို့မဟုတ် ) Ok နှိပ်ပေးပါ
- ကျလာသော ဖိုင်တွေကို Shift နဲ့ Delete နှိပ် ဖျက်နိုင်ပါသည်။
********************************
- Run Box ထပ်ခေါ်ပါ Window နဲ့ R ကို နှိပ်ခေါ်ပါ
- ရိုက်ရမည့် စာက prefetch ဟု ရိုက် Enter ခေါက်ပါ ( သို့မဟုတ် ) Ok နှိပ်ပေးပါ
- ကျလာသော ဖိုင်တွေကို Shift နဲ့ Delete နှိပ် ဖျက်နိုင်ပါသည်။
*******************************
ကွန်ပျူတာ သန့်ရှင်းရေး လုပ်နည်း အပိုင်း ( ၂ ) ဆက်ဖတ်ရန်
ကျွန်တော် သိသလောက် ဝေမျှခြင်းပါ
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Monday, August 15, 2016
Bat file ရေးပြီး EXE ထုတ်ရအောင်
Bat ဖိုင်ကနေ Exe ပြောင်းတာလေးပါ။ ဒီကောင်လေးက Exe ကို Password လေးနဲ့ ထားလို့ ရတယ်။ 32Bit ( or ) 64Bit ကြိုက်တာ Run ခိုင်းလို့ ရတယ်။
Version Name မိမိစိတ်ကြိုက်ပေးလို့ရတယ်။ Company Name, Copyright မိမိစိတ်ကြိုက် ထည့်ရတယ်။
လိုချင်သူများ အောက်က လင့်က ဒေါင်းယူပါ
Download - Bat To EXE Converter
Password - myothantkyaukse
လင့် အဆင်မပြေပါက ပြောခဲ့ပါ
အရင်ကတော့ Mediafire နဲ့ လင့်ပေးတာပါ Mediafire က error တတ်နေလို့ပါ
Box နဲ့ လင့်ချလို့ရအောင် Box apk ပေးသော အကိုဇော်မျိုးထက် ( www.mmitfamily.com ) ကို ကျေးဇူးတင်ပါတယ်
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Saturday, August 13, 2016
Memory stick / Memory Card တွေကို ReadOnly ဖြစ်နေလို့ Data ထပ်ထည့်မရသူများ
- အရင်ဆုံး Window + R ဖြင့် Run Box ခေါ်ပါ
- Run Box မှာ cmd ဟု ရိုက် Ok နှိပ်ပါ
- CMD Command Prompt ထဲ ရောက်ရင် diskpart ဟု ရိုက် Enter ခေါက်ပါ
- ပြီးရင် list disk ဟု ရိုက် Enter ခေါက်ပါ
- Select disk 1 ဟု ရိုက် Enter ခေါက်ပါ
( မှတ်ချက် - 1 နေရာမှာ မိမိ ပြုလုပ်ချင်သော Card ရွေးပေးရပါမည်။ များသောအားဖြင့် 1 ဖြစ်နေတတ်ပေမယ့် Card နှစ်ခု သုံးခု ထိုးထားပါက ပြုလုပ်ချင်သော Select disk ကို ရွေးပါ )
- ပြီးရင် attribute disk clear readonly ဟု ရိုက် Enter ခေါက်ပါ
- exit ဟု ရိုက် Enter ခေါက်ပါ
အဆင်ပြေပြီ Memory Card / Stick တွေမှာ Data အလွတ် ကျန်နေပါလျှက်နဲ့ Data ထပ်ထည့်မရပါက ဒီနည်းလေးကို သုံးကြည့်ပါ
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Memory stick / Memory Card တွေကို Data အလွတ်တွေ ကျန်ပါလျှက်နဲ့ Data ထည့်မရအောင် ပြုလုပ်မယ်
- အရင်ဆုံး Window + R ဖြင့် Run Box ခေါ်ပါ
- Run Box မှာ cmd ဟု ရိုက် Ok နှိပ်ပါ
- CMD Command Prompt ထဲ ရောက်ရင် diskpart ဟု ရိုက် Enter ခေါက်ပါ
- ပြီးရင် list disk ဟု ရိုက် Enter ခေါက်ပါ
- Select disk 1 ဟု ရိုက် Enter ခေါက်ပါ
( မှတ်ချက် - 1 နေရာမှာ မိမိ ပြုလုပ်ချင်သော Card ရွေးပေးရပါမည်။ များသောအားဖြင့် 1 ဖြစ်နေတတ်ပေမယ့် Card နှစ်ခု သုံးခု ထိုးထားပါက ပြုလုပ်ချင်သော Select disk ကို ရွေးပါ )
- ပြီးရင် attribute disk set readonly ဟု ရိုက် Enter ခေါက်ပါ
- exit ဟု ရိုက် Enter ခေါက်ပါ
အဆင်ပြေပြီ မိမိ ပြုလုပ်လိုက်သော Card ကို Data အလွတ် ကျန်ပေမယ့်လည်း နောက်ထပ် Data ထည့်မရတော့ပါ။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Monday, August 1, 2016
Photo Card Maker 1.0.3
မင်္ဂလာပါ
Computer သမားများအတွက်
ဓါတ်ပုံ ဘောင်လေးတွေ အလွယ်ထည့်ဖို့
Photo Card Maker 1.0.3 လေးပါ
Template အသစ်တွေ ထပ်ထည့်ပေးထားပါတယ်
နောက်ထပ် မိမိလိုချင်သော Up to date Template များကို ဒေါင်းယူကာ Template များကို exe ဖိုဒါထဲက
res ဖိုဒါထဲက Template ထဲကို ဒေါင်းထားသော
Template ကူးထည့်ပါ
ဒါဆို အသစ်သစ်သော Template အသစ်တွေ
ထပ်အသုံးပြုရပါလိမ့်မယ်
လိုချင်သူများ အောက်က လင့်မှာ ဒေါင်းယူပါ
Download - Photo Card Maker 1.0.3
Zip Password - myothantkyaukse
လင့် အဆင်မပြေပါက ပြောခဲ့ပါ
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Subscribe to:
Posts (Atom)