တစ်နေကုန် တစ်နေကူးလျှင်ဖြင့်              သေဘူးကွယ် မထင်ပါနဲ့              နေကွယ်တာ အချိန်များလျှင်တော့             သေနယ်ရွာ တစ်ကြိမ်သွားရမယ်             တားမရဘူး .......။

Monday, July 25, 2016

.Net 0Xc8000222 error

မင်္ဂလာပါ

ကွန်ပျူတာမှာ .net install တင်တဲ့အခါ 0Xc8000222 error ကြုံတဲ့အခါ ဖြေရှင်းနည်းလေးပါ ကျွန်တော်ကြုံတွေ့ခဲ့လို ဖြေရှင်းရင်းနဲ့မသိသေးသူများအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် 

- .net install တင်တဲ့အခါ တင်မရပဲ 0Xc8000222 error ပြခဲ့ပါက

- Win + R နှိပ် Run Box မှာ cmd ဟု ရိုက်ပါ။

- cmd command မှာ net stop wuauserv ဟု ရိုက် Enter ခေါက်ပါ။

- ပြီးရင် Run Box မှာ %windir% ဟုရိုက် Enter ခေါက်ပါ။

- အဲဒီမှာ Software Distribution folder ဆိုတဲ့ ဖိုင်ကို sDold ဟု ပြောင်းပါ။ ( sDold နေရာမှာ ကြိုက်နှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ ကျွန်တော်က ရှာရလွယ်အောင် ပြောင်းထားတာပါ )

- ပြီးရင် ဒုတိယအကြိမ် cmd command မှာ net stop wuauserv ဟု ရိုက် Enter ခေါက်ပါ။

- အားလုံးပြီးပါက .net ကို install ပြန်တင်လိုက်ပါ အဆင်ပြေပါလိမ့်မယ်။

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

No comments:

Post a Comment