တစ်နေကုန် တစ်နေကူးလျှင်ဖြင့်              သေဘူးကွယ် မထင်ပါနဲ့              နေကွယ်တာ အချိန်များလျှင်တော့             သေနယ်ရွာ တစ်ကြိမ်သွားရမယ်             တားမရဘူး .......။

Saturday, July 30, 2016

CCleaner 5.20.5668

မင်္ဂလာပါ

ကွန်ပျူတာ အသုံးပြုသူတိုင်း မရှိမဖြစ် လိုအပ်တဲ့  ကွန်ပျူတာ သန့်ရှင်းရေး  CCleaner လေးပါ။ ဒီကောင်လေးက Registry Error တွေ Computer ဆော့ဝဲလ် Uninstall ချတာတွေ Repair လုပ်တာတွေ တစ်ခုတည်းနဲ့ စွယ်စုံသုံးလို့ရတယ်။

ဖိုင်ဆိုဒ်က 7MB ကျော်ပဲ ရှိပါတယ်

Computer အတွက်  CCleaner  5.20.5668

Name  -  IGIVEKEY

Key  -      C2YW-T9ND-D23H-E35M-6ZPC

အောက်က လင့်တွင် ဒေါင်းယူပါ

Download -  CCleaner 5.20.5668

လင့်အဆင်မပြေပါက ပြောခဲ့ပါ

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

Tuesday, July 26, 2016

ကွန်ပျူတာ Error များ

ကွန်ပျူတာဆိုင်ရာ  အခြေခံ Error များ

မင်္ဂလာပါ

ကွန်ပျူတာနဲ့ ပတ်သက်လို့ အခြေခံ Error လေးများ သိလောက် ဝေမျှပေးပါမည်။

မေး   -   Window 10 မှာ My Computer ပျောက်နေလို့။

ဖြေ    -   ကွန်ပျူတာရဲ့ လွတ်တဲ့ နေရာကို Right Click နှိပ်ပါ

Personalize   >>>   Themes    >>>   Computer  ကို အမှန်ခြစ်ပါ  >>>  Apply  >>>   Ok  နှိပ်ပါ။

မေး   -   ကွန်ပျူတာ အောက်ခြေ  Taskbar  က  အပေါ်ရောက်နေတယ်။

ဖြေ   -   ကွန်ပျူတာ အောက်ခြေ  Taskbar  က အပေါ်ရောက်နေတယ်။ ဘေးဘက်တွေ ရောက်နေပါက

Taskbar  အပေါ်ကို  Mouse  ဖြင့် အောက်ခြေကို ဖိဆွဲပါ။

ပြီးရင်  Taskbar  အပေါ်ကို Right Click  နှိပ်  Lock the taskbar  ကို နှိပ်ပေးပါ။ Lock the taskbar မှာ အမှန်ခြစ်ပြပါက အဆင်ပြေပါပြီ။

မေး   -   ကွန်ပျူတာ မျက်နှာပြင်မှာ ဖိုင်တွေ ဆော့ဝဲလ်တွေ ပြန့်ကျဲ နေပါသည်။ တစ်စုတစ်စည်းထဲ ဖြစ်ချင်ပါသည်။

ဖြေ   -   ကွန်ပျူတာ မျက်နှာပြင်မှာ ဖိုင်တွေ တစ်စုတစ်စည်းထဲ စီနေချင်ပါက  ကွန်ပျူတာ လွတ်တဲ့နေရာ Right Click  နှိပ်ပါ။

View  >>>   Auto arrange  icons  မှာ အမှန်ခြစ်ပါ

မေး   -   ကွန်ပျူတာကို  Screen Shot  ရိုက်ချင်ပါသည်။

ဖြေ   -   ကွန်ပျူတာမှာ  Screen Shot ရိုက်ချင်ပါက  Keyboard  မှ  PrtSc  SysRq   ကို နှိပ် ရိုက်ပါ

ပြီးရင်  Paint  ကို ဖွင့်ပါ။  Ctrl + V  နှိပ်ပါ။

လိုသလို ဆိုဒ်ဖျက် Save သိမ်းပါ။

မေး   -   ကွန်ပျူတာ ပေါ် တင်ထားသော ဆော့ဝဲလ်များ မကြိုက်လို့ ဖြုတ်ချင်ပါသည်။

ဖြေ   -   ကွန်ပျူတာပေါ်က တင်ထားသော ဆော့ဝဲလ်များ မကြိုက်လို့ ဖြုတ်ချင်ပါက  My Computer ထဲ ဝင်ပါ။ Menu bar အောက်က Uninstall or change a program  နှိပ် ဖြုတ်နိုင်ပါတယ်။

နောက်တစ်နည်း  -

Start   >>>   Control Panel   >>>   Programs and Features  ကို နှိပ်ပါ။ ပြီးရင် မလိုချင်သော ဆော့ဝဲလ်များကို  ဆော့ဝဲလ်ပေါ်  Right Click  နှိပ်  Uninstall  ချနိုင်ပါသည်။

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

ကွန်ပျူတာ Error များ

ကွန်ပျူတာ ဆိုင်ရာ ဂရုတွေမှာ အမေးများဆုံး Error များ

မင်္ဂလာပါ

ကျွန်တော်လည်း ဝါသနာရှင် တစ်ယောက်ပါ မေးတတ်သော Error များကို သိသလောက် ဖြေရှင်းပေးပါမယ်

မေး   -   Laptop မှာ စာရိုက်တဲ့ အခါ ဂဏန်းတွေ ပေါ်နေတယ်။

ဖြေ   -    Laptop တွေမှာ စာရိုက်တဲ့ အခါ ဂဏန်းပေါ်နေတာက  Num  Lock ပွင့်နေလို့ပါ။ Num Lock ပိတ် စာရိုက်ကြည့်ပါ။ အဆင်ပြေပါလိမ့်မည်။

မေး    -    Adobe PageMaker  မှာ မြန်မာစာ ရိုက်တဲ့အခါ      ဒ  ,  ဓ    ရိုက်မရဘူး။

ဖြေ   -   Adobe PageMaker မှာ    ဒ  ,  ဓ   ရိုက်မရပါက

- Ctrl +  K   ကို နှိပ်ပါ

- More  ကို နှိပ်ပါ

- Use typographer's quotes   မှာ အမှန်ခြစ် ဖြုတ်ပါ

- OK >>> OK  နှိပ်ပါ

မေး   -   Computer Screen က ပြောင်းပြန် ဇောက်ထိုး ဖြစ်နေပါတယ်။

ဖြေ   -   Computer Screen  က ပြောင်းပြန် ဇောက်ထိုး ဖြစ်နေပါက

- Ctrl + Alt + Up နဲ့ ပြန်ပြောင်းပါ

နောက်ထပ် လုံးဝ မဖြစ်ချင်ပါက

ကွန်ပျူတာ Screen ရဲ့ လွတ်တဲ့ နေရာကို Right Click နှိပ်ပါ

Graphics Options  >>>  Hot Keys  >>>  Enable  ကို  Disable ပြောင်းပါ

မေး    -  Keyboard  ခလုတ် တစ်ချို့ မကောင်းတော့လို့ပါ။

ဖြေ   -   Keyboard  ခလုတ် မကောင်းပါက

Start   >>>   Control Panel   >>>   Ease of Access Center   >>>  Use the computer Without a mouse or keyboard   >>>   Use On-Screen keyboard  မှာ အမှန်ခြစ်ပြပါ

မေး   -   Taskbar icon လေးတွေက အရမ်း သေးနေပါတယ်။

ဖြေ   -    Taskbar icon လေးတွေ သေးငယ်နေပါက

Taskbar  အပေါ်  Right Click  နှိပ်ပါ

Properties   >>>   Taskbar  အောက်က  Use Small icons ကို အမှန်ခြစ် ဖြုတ်ပါ။

မေး   -  Window တင်ဖို့   CD / DVD ကို  First boot  ထားပြီးပြီ။ ခွေလည်း ကောင်းတယ်။ Drive လည်း ကောင်းတယ်။ Boot မတတ်ဘူး။

ဖြေ   -   Window တင်ဖို့ရန် CD  /  DVD ကို First boot ထားပြီးပြီ။ Boot မတတ်ပါက

BIOS  ထဲ ဝင်ပါ

Boot Menu ထဲက  Boot Mode  မှာ  UEFI    ဖြစ်နေပါက   Legacy BIOS Mode  ပြောင်းပေးပါ။

မေး   -   Adobe Photoshop CS3  ထည့်ထားပါတယ်။ ဖွင့်မရပါ။

ဖြေ   -   Adobe Photoshop  CS3  ထည့်ထားပေးမယ့် စဖွင့်တဲ့ အခါ  Right Click  >>>  Run as administrator  နဲ့ အရင် ဖွင့်ရပါသည်။

မေး   -   Command Prompt  မှာ  Date , Time ပြောင်းရင် ပြောင်းမသွားပါ။

ဖြေ   -   Command Prompt  မှာ Date , Time ပြောင်းရင်

Start  ကနေ  cmd  အပေါ်  Right Click  >>>  Run as administrator  ဖွင့်ပါ။ Date , Time ပြောင်းပါသည်။

( မှတ်ချက် - cmd  ကို  Run as administrator  နဲ့ ဖွင့်ပါက  Windows\system 32  အောက် ရောက်လို့ပါ )

ကျန်သော အပိုင်းများကို နောက်မှ ဆက်ရန်

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

Monday, July 25, 2016

ဖုန်းနံပါတ်စစ် / ဖုန်း ဘေချီး / ဖုန်း ငွေလွှဲ

မင်္ဂလာပါ

တစ်ခါတစ်လေမှာ လွယ်တယ် ထင်ထားတာတွေက မေ့နေတတ်တယ် ဒါကြောင့် သိပြီးသူတွေ ကျော်သွားပါ မသိသေးသူများအတွက်ပါ

မိမိ ဖုန်းနံပါတ် ပြန်စစ်ရန်

MPT - *88# Call
Telenor - *97# Call
Ooredoo - *133*5# Call

ဖုန်းငွေချေးရန်

MPT - *800# Call
Telenor - *500# Call
Ooredoo - *127# Call

ဖုန်းလက်ကျန်ငွေ လွှဲရန်

MPT - *223* လွှဲမည့် ငွေပမာဏ * ဖုန်းနံပါတ် # Call

MEC - *110* လွှဲမည့် ငွေပမာဏ * ဖုန်းနံပါတ် # Call

Ooredoo - *155* လွှဲမည့် ငွေပမာဏ * ဖုန်းနံပါတ် # Call

Telenor - *979# Call >>> 2 Send >>> 4 Send >>> ဖုန်းနံပါတ် Send >>> လွှဲမည့် ငွေပမာဏ Send >>> 1 Send

မှတ်ချက် - MPT သည် လွှဲမည့်ငွေ ( ၃၀၀ ) အနည်းဆုံး

Telenor သည် လွှဲမည့်ငွေ ( ၅၀၀ ) အနည်းဆုံး

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

အဝင် ခေါ်ဆိုမှု ပိတ်ထားမယ်

မင်္ဂလာပါ

သူငယ်ချင်းတို့ အင်တာနက် အသုံးပြုတဲ့ အချိန်မှာ မိမိဆီ ဖုန်းဝင်လာလို့ စိတ်အနှောက်အယှက် ဖြစ်နေသူများ အတွက် အင်တာနက်ပဲ သုံးမယ် ဖုန်း အဝင် မှန်သမျှ ပိတ်ထားရအောင် ဘယ်လိုလဲ စိတ်ဝင်စားလား

*** အင်တာနက်ပဲ သုံးမယ် အဝင်ဖုန်းလေးတွေပိတ်ထားမယ် ***

- အရင်ဆုံး ဖုန်းခေါ်ဆိုမှု ထဲ ဝင်ပါ

- အဲဒီမှာ *21*9900# ကို ဖုန်း ခေါ်ပါ

- ခဏစောင့်ပါ ငွေစစ်သလိုပေါ့

- Call forwarding Registration was Successful. လို့ စာသားပေါ်ရင် ဖုန်းအဝင် မှန်သမျှ ပိတ်ပြစ်လိုက်ပါပြီ အင်တာနက်ကို အေးဆေး အသုံးပြုနိုင်ပါပြီ

- ပြန်ပြီး ဖြတ်ချင်ရင်တော့ ##002# ကို ဖုန်းခေါ်ပါ

- ခဏစောင့်ပါ

- Call forwarding Erasure was Successful. လို့ စာသားပေါ်လာရင် အဝင်ဖုန်းတွေ ပြန်လက်ခံနိုင်ပါပြီ

- အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ် အဆင်ပြေပါစေ

- ကျွန်တော် အင်တာနက် အသုံးပြုသည့် အခါတိုင်း ပြုလုပ်တဲ့ ကုဒ်လေးတွေပါ

မှတ်ချက် - Telenor ဖုန်း အသုံးပြုသူများသာ

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

.Net 0Xc8000222 error

မင်္ဂလာပါ

ကွန်ပျူတာမှာ .net install တင်တဲ့အခါ 0Xc8000222 error ကြုံတဲ့အခါ ဖြေရှင်းနည်းလေးပါ ကျွန်တော်ကြုံတွေ့ခဲ့လို ဖြေရှင်းရင်းနဲ့မသိသေးသူများအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်

- .net install တင်တဲ့အခါ တင်မရပဲ 0Xc8000222 error ပြခဲ့ပါက

- Win + R နှိပ် Run Box မှာ cmd ဟု ရိုက်ပါ။

- cmd command မှာ net stop wuauserv ဟု ရိုက် Enter ခေါက်ပါ။

- ပြီးရင် Run Box မှာ %windir% ဟုရိုက် Enter ခေါက်ပါ။

- အဲဒီမှာ Software Distribution folder ဆိုတဲ့ ဖိုင်ကို sDold ဟု ပြောင်းပါ။ ( sDold နေရာမှာ ကြိုက်နှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ ကျွန်တော်က ရှာရလွယ်အောင် ပြောင်းထားတာပါ )

- ပြီးရင် ဒုတိယအကြိမ် cmd command မှာ net stop wuauserv ဟု ရိုက် Enter ခေါက်ပါ။

- အားလုံးပြီးပါက .net ကို install ပြန်တင်လိုက်ပါ အဆင်ပြေပါလိမ့်မယ်။

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

Blog မှာ Zawgyi , Unicode Font ပြောင်း

မင်္ဂလာပါ

Blog ထောင်ထားသော ညီအကို မောင်နှမများ မိမိ Blog မှာ လာလည်ကြသော နည်းပညာ ညီအကိုမောင်နှမတွေကို စာဖတ်ရ အဆင်ပြေအောင် Blog မှာ Zawgyi Font နဲ့ Unicode Font ချိန်းတာလေး ထည့်ပေးမယ်

အခုနောက်ပိုင်းမှာ Unicode တွေ အသုံးပြုလာကြတာ တွေ့လာရပြီ ဒီတော့ သူငယ်ချင်းတို့ အရင်က ရေးသားထားသော ပို့စ်တွေလည်း Font ချိန်းကာ အဆင်ပြေစွာ ဖတ်နိုင်စေပါတယ်

Zawgyi Font /  Unicode Font ချိန်းတာ မိမိ Blog မှာ ထည့်ချင်သူများ အောက်က ကုဒ်ကို ကူးယူပါ

ကုဒ်တွေ ထည့်နည်း Blog ပိုင်ရှင်များ သိမှာပါ မပြောတော့ဘူးနော်

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

Blog မှာ မြန်မာ ပြက္ခဒိန် လေး

မင်္ဂလာပါ

Blog တည်ထောင်ထားသော ညီအကို မောင်နှမများ မိမိဘလော့မှာ ***  မြန်မာ ပြက္ခဒိန် နေ့ရက် ***  လေး ထည့်မယ်။

အောက်က ကုဒ်များကို Copy ယူကာ blog မှာ ထည့်ပါ

- အထက်ပါ ကုဒ် များကို Copy ကူးယူပါ။

- www.blogger.com ကနေ မိမိ ဘလော့ကို ဝင်ပါ။

- Blog မှ Layout  ကို နှိပ်ပါ။

-  Add a Gadget  ကို နှိပ်ပါ။

- Box တစ်ခုကျပါမယ်။ အဲဒီမှာ  HTML/JavaScript  ကို နှိပ်ပါ။

- Box  တစ်ခု ထပ်ကျ ပါမယ်။ Title box မှာ ခေါင်းစဉ် ရေးပါ။

- Command Box မှာ အပေါ်က ကူးလာတဲ့  ကုဒ်ကို ကူးထည့်ပါ။

- ပြီးရင်  Save  ပါ။

အဆင်ပြေပါပြီ

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

Blog မှာ မြတ်စွာဘုရား သီတင်းသုံး စံပ္ပါယ်

မင်္ဂလာပါ

Blog တည်ထောင်ထားသော ညီအကို မောင်နှမများ မိမိဘလော့မှာ ***  သုံးလောက ထွက်ထား အတုမရှိ မြတ်စွာဘုရား ***  သီတင်းသုံး စံပ္ပါယ်တော် မူပုံ တည်ထားကိုးကွယ်မယ်။

အောက်က ကုဒ်များကို Copy ယူကာ blog မှာ ထည့်ပါ

- အထက်ပါ ကုဒ် များကို Copy ကူးယူပါ။

- www.blogger.com ကနေ မိမိ ဘလော့ကို ဝင်ပါ။

- Blog မှ Layout  ကို နှိပ်ပါ။

-  Add a Gadget  ကို နှိပ်ပါ။

- Box တစ်ခုကျပါမယ်။ အဲဒီမှာ  HTML/JavaScript  ကို နှိပ်ပါ။

- Box  တစ်ခု ထပ်ကျ ပါမယ်။ Title box မှာ ခေါင်းစဉ် ရေးပါ။

- Command Box မှာ အပေါ်က ကူးလာတဲ့  ကုဒ်ကို ကူးထည့်ပါ။

- ပြီးရင်  Save  ပါ။

အဆင်ပြေပါပြီ

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး